ဗုဒ္ဓဘာသာနှင့်လူမှူရေး
မြန်မာလူငယ်များ စုစည်းရေးသားသည်
(http://ahuntphonemyat.wordpress.com/)မှကြိုက်လွန်းလို့၊လူငယ်တွေဘာသာရေးကိုစိတ်ဝင်စားလာမှုကိုကူးယူဖေါ်ပြသည်
တနေ့က ကျွန်တော်ညီတစ်ယောက်က ဒီဆောင်းပါးလေးကို ကျွန်တော်ဆီကို ပို့လာပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုး အများစု ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမယ့် မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို မေ့လျှော့နေကြသူတွေများနေတာကို တွေ့ရတဲ့အတွက် ကျွန်တော်ဘလော့ခ်လေးမှာ ပြန်ပြီးတင်ပေးလိုက်ရပါတယ်။ ဒီဆောင်းပါးထဲမှာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ နေထိုင်ရှင်သန် ကျင်လည်လျှက်ရှိကြတဲ့ မြန်မာမျိုးဆက်သစ်လူငယ်တွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ခံယူချက်နဲ့ အမြင်တွေ ကိုတွေ့ရှိနိုင်ကြမှာဖြစ်ပါတယ်။
တရားအလုံးစုံသိမြင်သော သဗ္ဗညုတဘုရားရှင်ကို`ဗုဒ္ဓ´ဟုခေါ်သည်။မြတ်စွာဘုရားဟောကြား ညွှန်ပြဆုံးမတော်မူခဲ့သော တရားတော်များကို ( အပါယ်ဆင်းရဲ၊ သံသရာဝဋ်ဆင်းရဲသို့မကျရောက်အောင် ကယ်တင်နှိင်သော) `ဗုဒ္ဓဘာသာ´ ဟုခေါ်သည်။ ထိုတရားတော်များ အတိုင်းလိုက်နာကျင့်ကြံနေထိုင်သူများကို` ဗုဒ္ဓဘာသာဝင်´ ဟုခေါ်သည်။ သို့သော်ဘုရား၊တရား၊သံဃာဟူသော ရတနာမြတ်သုံးပါးကိုကိုးကွယ်ရာ အားကိုးရာစစ်စစ်ဟု ယုံကြည်ဆည်းကပ်ခြင်းရှိမှသာ အမှန်တကယ်ဗုဒ္ဓဘာသာဝင်ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိလူသားများကို ကိုးကွယ်ရာဘာသာအလိုက် ခွဲခြားကြည့်မည်ဆိုလျှင် အဓိကအားဖြင့် ခရစ်ယာန်ဘာသာဝင်များ၊ မူစလင်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာ ၀င်များအပြင် မဟာမေဒင်ဘာသာဝင်များ၊ နတ်ကိုး ကွယ်သူများနှင့် မည်သည့်ဘာသာကိုမျှ မကိုးကွယ်သည့်ဘာသာမဲ့များဟူ၍ခွဲခြားတွေ ရှိနိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာကိုလေးစားလိုက်နာကြည်ညိုကြသူများမှာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် မှီတင်းနေ ထိုင်ကြသူများဖြစ်ကြပါသည်။
ယနေ့ကမ္ဘာတွင်ဗုဒ္ဓဘာသာဝင်သန်း၃၀၀ကျော်၊ဗုဒ္ဓစေတီတော်ပေါင်း နှစ်သန်းကျော်၊ သာသနာ့ဝန်ထမ်းရဟန်းတော်နှင့် သီလရှင်ပေါင်း၈သိန်းကျော်ရှိပါသည်။ ကျွန်ုပ်တို့ကိုးကွယ်သော ဗုဒ္ဓဘာသာကိုဘီစီ (၅၈၈)တွင် ဂေါတမမြတ်စွာဘုရားက စတင်တည်ထောင်ခဲ့ပါသည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဘီစီ (၆၂၃)တွင်ဖွားမြင်၍ ဘီစီ(၅၈၈)တွင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အားလုံးအပေါ်ညီမျှသော မဟာဂရုဏာတော်နှင့် ဥပါယကောသလ္လဥာဏ်တော်နှစ်ပါးကို အခြေခံကာ မြတ်စွာဘုရား အဖြစ်သို့ရောက်ရှိခဲ့ ခြင်းဖြစ်ရာမိမိ၏ဗုဒ္ဓစက္ခုနှစ်ပါးဖြင့် မြင်တော်မူသည့်အတိုင်း သတ္တ၀ါတို့၏ အကျိုးစီးပွားကို၄၅၀ါလုံးလုံး ဆောင်ရွက်တော်မူပြီးဘီစီ(၅၄၃)တွင်ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါသည်။ ထိုအချိန်မှစ၍နှစ်ပေါင်း ၂၅၀၀ ကျော်ကြာ ယနေ့ခေတ်တိုင်အောင်ခေတ်အဆက်ဆက် ရဟန်းသံဃာတော်များမှ ထိန်းသိမ်းစောင့်ရှောက်လာ၍သာ ကျွှန်တော်တို့ကိုး ကွယ်ရခြင်းဖြစ်ပါသည်။
အမိမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်ပါသည်။ ဦးချပူဇော်၍ ကုသိုလ် ကောင်းမှုအမျိုးမျိုးပြုကာ အမျှဝေနိုင်သည့် စေတီပုထိုးပေါင်းများစွာရှိပါသည်။ မှန်ကန်ခြင်းဟူသော သစ္စာတရား၊တန်ဆောင်ဆီမီးကဲ့သို့သော ပညာအလင်းရောင်တို့အစဉ်ထွန်းလင်းလျှက်ရှိပါသည်။ ၀ိပဿနာ တရားကျင့်ကြံ့ရန်အတွက်လည်း နည်းမှန်လမ်း မှန်ညွှန်ပြပေးမည့် ရဟန်းသံဃာတော်ဆရာသမားများ တရားရိပ်သာများအမြောက်အများရှိသည်။ မိမိတို့သေဆုံးသွား ချိန်တွင်သာသနာဂုဏ်ရောင်နှင့် သစ္စာတရား တို့ဆက်လက်ထွန်းလင်းတောက်ပအောင်၊ သာသနာတော်ကြီးဆက် လက်ပြန့်ပွား တည်တံ့အောင်တတ်နိုင် သမျှကြံဆောင်သင့်ပေသည်။
လူ့ဘောင်လူ့လောကသည် သစ်ပင်ပန်းမန်တိုနှင့်တူသည်။သစ်ပင်တစ်ပင် ပေါက်ဖွားရန်မြေ၊ ရေ၊ လေ၊ နေ စသည့်အခြေခံ လိုအပ်ချက်တို့လိုပါသည်။ ထို့ပြင်ရေလောင်းပေါင်းသင်မှု ပတ်ဝန်းကျင်၏ လှုံဆောင်မှုတို့လည်းလ်ုအပ်သည်။ သို့မှသာ လှပါစွာဖူးပွင့်လာသော သစ်ပင်ပန်းမန်အားလုံးပေါင်းစည်းခြင်းအားဖြင့် နေပျော်ဖွယ်ကောင်းသော ကမ္ဘာကြီးဖြစ်လာသည်။ ဤသို့ပင်မိခင်လောကကြီးထဲသို့  ကံအကြောင်း ကိုယ်စီဖြင့်ရောက်လာကြသော ကျွန်တော်တို့လူသားများအနေဖြင့်လည်း မိမိတွင်ရှိသောအရည်အသွေးတို့ ဖြင့်လောကကိုပြန်လည်ကာ စောင့်ရှောက်အလှဆင်သင့်ပေသသည်။
လူဆိုသည်မှာတဦးတစ်ယောက်တည်းနေ၍မရသောကြောင့် လူမှုပတ်ဝန်းကျင်လိုအပ်သည်။ ထိုမှနေ၍ လူအချင်းချင်း ကူးလူးဆက်ဆံခြင်းဖြင့် `လူမှုရေး ´ဟုဖြစ်လာသည်။ ကူးသန်းရောင်းဝယ်ကြရာမှ `စီးပွာ;a&;ဟုဖြစ်လာသည်?/ နေထိုင်ရာနိုင်ငံပတ်ဝန်းကျင်ဒေသနှင် ဓလေ့ထုံးတမ်း အစဉ်အလာတို့အပေါ်မူတည်၍ ယဉ်ကျေးမှု´ ဟုဖြစ်လာသည်။ ထိုအရာအားလုံးတို့ကို အနားကွပ်ထိမ်းချုပ်ထားသောအရာမှာ ဘာသာရေးပင်ဖြင်သည်။ ဘာသာရေးသည်အားလုံး၏ အခေါင်အချုပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လောကတွင် လူသားတို့ဆုံးဖြတ်ကြသောအမှားနှင့်အမှန်၊ ပြုလုပ်ကြသော အမှုကိစ္စမှန်သမျှဟူသည် ဘာသာတရားက ပေးသော သွန်သင်ဆုံးမချက်များအပေါ် အားကိုး၍ဆုံးဖြတ်လုပ်ကိုင်ကြရပြီး၊ မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ဘာသာရေးသည် ပစ္စုပ္ပန်နှင့်တမလွန်ကို မျှော်မှန်းကာ ပြုလုပ်ရခြင်းဖြစ် သဖြင့်မှားယွင်းသွားပါက သံသရာတစ်လျှေက်လုံးရှူံးနိုင်သောလုပ်ငန်းဖြစ်သည်။ ထို့ကြောင့်ကျွန်တော်တို့ အနေဖြင့်မိမိတို့ရွေးချယ်တတ်သော၊ ကိုးကွယ်သောဘာသာ၏အကြောင်းကို ခြေခြေမြစ်မြစ်နားလည်သိရှိ ထားရပါမည်။ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်နှင့်အမြင့်ဆုံးပန်းတိုင်ကိုသိရှိဖို့လိုပါသည်။ ကိုယ်ဘာကြောင့်ကိုးကွယ်သလဲ မိမိသည် အစဉ်အလာကို လိုက်ခဲ့ခြင်းလား၊ သက်ဝင်ယုံကြည်မှုရှိရဲ့လား မိမိ ကိုယ်ကိုမညှာတမ်းမေးစစ်ဖို့လိုပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင်တို့၏ ကျင့်ဝတ်များထဲတွင်ကံငါးပါးသည် အခြေခံအကျဆုံးကျင့်ဝတ်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် သည် ထိုသိက္ခာပုဒ်များ(ငါးပါးသီလ)ကို သို့မြဲမြံစွာ ဆောက်တည်ရပါမည်။
ပါဏာတိပါတ – သူတပါး၏အသက်ကိုသတ်ခြင်းဆိုရာတွင်သက်ရှိသိတ္တ၀ါအားလုံးတို့ကိုသတ်ခြင်းမှ ရှောင်ကြင်ရပါမည်။ ထိုသီလကိုစောင့်ထိန်းခြင်းဖြင့် မိမိအတွက်သံသရာအဆက်ဆက အကုသိုလ်မှ ကင်းဝေးစေသလို သတ္တ၀ါတို့အား ကူညီရာ မေတ္တာဖြန့်ကျက်ရာရောက်ပါသည်။ လူတို့တွင်ဒေါသ၊ မောဟ၊ လောဘတရားများကိန်းအောင်းနေသရွေ့ ကမ္ဘာပေါ်တွင် စစ်မက်များ၊ ကြီးနိုင်ငယ်ညှင်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပါသည်။ ကူညီသူမဲ့ကာငိုကြွေးမှု များနှင့် ၀မ်းနည်ပူဆွေးမှုများ ဘယ်အခါမှပြီးဆုံးတော့မည်မဟုတ်ပါ။ ထို့ကြောင့်မြတ်ဗုဒ္ဓကပါဏာတိပါတကို ရှောင်ကြည်စေ ခဲ့ခြင်းဖြစ်ပါသည်။
အဒိန္တွာဒါန - သူတပါးပစ္စည်းဥစ္စာကိုခိုးယူခြင်းဆိုရာတွင်၊ သူတပါးဟူသည်မိမိမှတပါးအခြားသော လူနတ်တိရိစ္ဆာန်အားလုံး ကိုခေါ်သည်။ ခိုးယူခြင်းတွင်မပေးဘဲယူငှင်ခြင်း၊ ဓါးပြတိုက်ခြင်း၊ လိမ်ညာလှည့်ပတ် ယူခြင်းကူသန်းရောင်းဝယ်ခြင်းရာတွင် တင်းတောင်း၊အလေးစသည်တို့မပြည့်ခြင်း၊ မရိုးမသားယူခြင်း၊ အသား၊ငါးစသည်တို့ရေထိုးခြင်း စသည်ဖြင့်အားလုံးပါ ၀င်သည်။ ဤအကုသိုလ်ကံသည်ယခုဘ၀တွင်လည်း လက်ငှင်းအကျိုးပေးသည်။ လူမိလျှင်ထိုးနှက်ရိုက်ပုတ်ခံရခြင်း၊ ထောင်တန်း အကျဉ်းကျခံရခြင်းများ၊အများ၏ ယုံကြည်မှုကင်းမဲ့ကာ စီးပွားပျက်သွားသော အခြေနေများ များစွာရှိပါသည်။
ကာမေသုမိစ္ဆာစာ - ဆိုရာ၌ဇနီးမောင်နှံနှစ်ဦးမှတစ်ပါး အခြားသောသူများနှင့်ကာမဂုဏ်အရ ဖောက်ပြန်ခြင်းများမပြု လုပ်ရန်တားမြစ်ထားသော အ၇ာဖြစ်ပါသည်။ ဤသီလကို မစောင့်ထိန်းနှိင်ပါ ရရှိလာမည့် စိတ်ဒုက္ခများ၊ လူမှုရေးပြဿနာ များကားဆိုးဝါးလှပါသည်။ ပတ်ဝန်းကျင်မှ လူမှုရေးဖောက်ပြန်သူဖြစ်ကဲ့ရဲ့ ရှုတ်ချများဖြင့်လူတောမတိုးဝင့်လောက်အောင် မျက်နှာငယ်ရပါလိမ့်မည်။ မိမိသာမက မိမိ၏မိသားစု သားသမီးရှိခဲ့လျှင်၎င်းတိုပါကြားက မြေစာပင်ဖြစ်ကြရပါသည်။ မျက်မှောက်ဘ၀ထက် သံသရာတွင် ပေးဆပ်ရမည့် အပြစ်က အဆများစွာကြောက်စရာကောင်းလှပါသည်။ သာဓကအားဖြင့်`ဒု၊ ဿ၊ န ၊သော´ဇာတ်အကြောင်း ကိုအောက်မေ့ကာသံဝေဂ ယူကာမိမိတို့စိတ်ကို စောင့်ထိန်းရာ၏။
မုသာဝါဒ - မုသာဝါဒတွင် ၀စီဒုစရိုက်လေးပါးလုံးကိုစောင့်ထိန်းနိုင်ပါမှပြည့်စုံပေမည်။ – မဟုတ်မှန်သောစကားကို ပြောဆိုခြင်းစာဖြင့်ရေး၍လည်းကောင်း၊ကိုယ်လက်စသည်တို့ကို လှုပ်ရှားပြခြင်းခြင့် လည်းကောင်းလိမ်လည်လည့်ဖြားခြင်း၊
ကုန်းချောစကားပြောဆိုခြင်း
-ရုန်းရင်းကြမ်းတမ်းသောစကားပြောဆိုခြင်း
-ပြိန်းဖျင်းသောစကားပြောဆိုခြင်း အားလုံးပါဝင်ပါသည်။
လိမ်လည်ပြောသောသူသည် ကြာလာပါက မည်သူကမျှယုံကြည်မှုမရှိတော့ဘဲ နောက်ဆုံးတွင်လူမှုေ၇း အသိုင်းအ၀ိုင်းမှ ဖယ်ကျင်ခြင်းကိုပါခံရလိမ့်မည်။နောင် သံသရာတွင်လည်း၎င်း၏ အကျိုးအပြစ်များကို ခံစားရပါလိမ့်မည်။ မုသာဝါဒနှင့် ပတ်သက်၍ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာအား`ရေတွေသွန်ချပြီး မှောက်ထားတဲ့ ခွက်ထဲမှာ ရေကြွင်းရေကျန် မရှိနိုင်တော့သလို မုသားပြောသူရဲ့ သန္တာန်မှာလည်း သီလ၊ သမာဓိ၊ပညာဆိုတဲ့ သိက္ခာတွေမရှိနိုင်တော့ပါဘူး။ ဒါကြောင့်မုသားဆိုရင်ရယ်စရာတောင်မပြောနဲ့´ မိန့်တော်မူသည်မှာ နှလုံးသွင်းဖွယ်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် နီတိလာ၊ ဒေသနာတော်လာ တရားတော်များကိုကြားနာခြင်းဖြင့်မိမိ၏စိတ်ကို ယဉ်ကျေးသိမ့်မွေ့စေရမည်။
(http://ahuntphonemyat.wordpress.com/)မှကြိုက်လွန်းလို့၊လူငယ်တွေဘာသာရေးကိုစိတ်ဝင်စားလာမှုကိုကူးယူဖေါ်ပြသည်
No comments:
Post a Comment