Wednesday, June 17, 2009

လူသားရဲ့တရား


သွေးနားထင်ရောက်

ဘ၀င်နောက်နုတ်ကပါ

လုပ်တာကတခြား

သင့်အတိတ်အားလှန်ကြည့််ပါ

အဆံမရှိတဲ့အတိတ်

သင့်နောက်ကအရိပ်

ခုတော့- မေ့နေပြီပေါ့။

 

ဘ၀င်မြင့်တာ

ဘ၀မြင့်တာမဟုတ်လေတော့-

မြင့်ပါလေဘ၀င်လေဟတ်ပါလို့

မြေကြီးနဲ့ခြေကြား

တစ်ပေလောက်ခြားနေပြီ

သတိသာထား။

 

ဘ၀ဆိုတာခဏတာပါ

ရစရာအကုန်ယူမယ်ဆိုတဲ့စိတ်ထား

လူသားမဆန်ပါဘူး

ဘုရားမဟောခဲ့ပေမဲ့

စောင့်ထားရမယ့်လောကရဲ့တရား

အဲဒါ-မမြင်ရသောလူသားရဲ့တရား။



1 comment: