(အမှန်တရားကိုရှာဖွေတဲ့နေရာမှာ)
- မြင်ရုံ ကြားရုံမျှဖြင့် (သို့မဟုတ်) မိရိုးဖလာဓလေ့ထုံးစံဖြစ်ကာမျှဖြင့်လက်မခံလေနှင့်ဦး။
- ကောလာဟလသတင်းစကားကြားရုံမျှနှင့် (သို့မဟုတ်) ရှေးဟောင်းကျမ်းစာထဲရေးသားထား၍ ဆိုရုံနှင့် လက်မခံလေနှင့်ဦး။
- တစ်ဆင့်စကားကြားရုံမျှဖြင့် (သို့မဟုတ်) အကြောင်းအကျိုးဆက်စပ်ဆီလျှော်မှုရှိသည်ဟုထင်မြင်ကာမျှနှင့် လက်မခံလိုက်ပါနှင့်ဦး။
- ကြံစည်စိတ်ကူးမှန်းစ၍ လည်းကောင်း၊ သူတပါး၏ စွမ်းရည်ကိုအထင်ကြီးခြင်း ဖြစ်၍လည်းကောင်း လက်မခံလိုက်ပါနှင့်ဦး။
- ငါတို့ရဲ့ဆရာသမား ဖြစ်နေလို့ ဆိုပြီးတော့လည်း လက်ခံယုံကြည်ခြင်း မပြုလိုက်နှင့်ဦး။
- ဤအရာကတော့ ကောင်းတဲ့တရား၊ အပြစ်ကင်းတဲ့တရား၊ ပညာရှိသူတွေချီးမွမ်းတဲ့တရား စသည်တို့ကို မိမိကိုယ်တိုင်သိမြင်လာတဲ့အခါမှသာ အဲဒီတရားတွေကို လက်ခံပြီး ကိုယ်တိုင် ကျင့်သုံးလိုက်နာကြည့်ပါ။
No comments:
Post a Comment