ဒီဆိုက်မှာ ကိုးကွယ်ယုံကြည်မှုကို ဦးတည်ရေးသားသွာမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
မြတ်စွာဘုရားဟာ ကိုးကွယ်ရာကိုဦးတည် ဟောပြောခဲ့တဲ့ တရားတော်တော်များများ ရှိပါတယ်။
အားလုံးကိုးကွယ်ရာမှန်စေလိုပါတယ်။ ကိုးကွယ်ရာရှာရာမှာ အကြောက်တရား၊ အမျှော်တရား တွေနဲ့မကိုးကွယ်ကွယ်သင့်ပါဘူး။
အကြောက်တရား ဆိုတာ ခြောက်လှန့်ကိုးကွယ်ရတာ၊
သူ့ကိုမလှူတန်းရင်၊ မပူဇော်မပသရင် ဘယ်လိုဒုက္ခရောက်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုတဲ့ခြောက်လှန့်မှု(ယခင်-ယဇ်ပူဇော်မှု၊ ယခု- နတ် (၃၇မင်း မှအစ ဦးရှင်ကြီးအလယ်၊ သူရသတီနဲ့မနှဲလေးအဆုံး) ၊၀ါဝင်ဝါထွက်ကန်တော့ခြင်း၊ အခြား ကိုးကွယ်မှုတွေလည်း ကျန်သေးရင် ချိန်ထိုးကြည့်နိုင်ပါတယ်။ အိမ်တိုင်းနဲ့မဝေးတဲ့ဟာက အိမ်တွင်းအိုးဆွဲတဲ့ကိစ္စပါ၊ စဉ်းစားကြည့်ပါအိမ်တွင်းအိုးမရှိတဲ့ ဘာသာခြား (မွတ်စလင်၊ ခရစ်ယန်) တို့ရဲ့အိမ်တွေကောဘယ်လိုနေကြသလဲ၊ စဉ်းစားကြည့်ပါ၊ လူတွေလပေါ်မြေ၀ယ်နေကြတဲ့ခေတ်ကြီးမှာအိပ်ပျော်ပြီး ကျောက်ခေတ်က အတွေးခေါ်တွေတွေးမနေသင့်ပါ။ နတ်ပူဇော်သူအားလုံးကျောက်ခေတ်လူသားစိတ်သာသာဘဲရှိကြတယ်။
အမျှော်တရားဆိုတာ ဒါလှူရင်- ဟိုဟာတွေရလိမ့်မယ် ဆိုတာမျိုးပေါ့။ ရေလှုရင် ဘာရမယ်၊ ဆွမ်း(စားစရာ)လှုရင်ဘာရမယ် ဆိုတာမျိုးပါ။ ဤသို့လှုဒါန်းရသောကြောင့်- ဘာဖြစ်ရပါလို၏ ဆိုတာမျိုးလည်းပါတယ်။ ဒီလိုဆိုရင်တော်တော်ကြမ်း သွားမယ်ထင်ပါတယ်။ ဒါပေမဲ့မှန်ရင်တော့ပြောရမှာပါဘဲ။ ဒီလိုမှရဲရဲမပြောလို့ လျှော့ပေးပေးနေရင်းနဲ့ဘာသာရေးမှာ ရောထွေးမှုတွေဖြစ် လာကြတယ်။ ဟိုးတုံးကလူကြီးသူမတွေလုပ်ခဲ့တာ အစဉ်အလာအရ လုပ်ရတာ ဆိုတဲ့ လူကြီးသူမ၊ ဆရာသမားတွေရဲ့အမှားသံသရာမှာဆက်မသွားသင့်ပါဘူး။ ပြတ်ပြတ်သားသားပြောပါတယ်။ လုံးဝကိုးကွယ်စရာမလိုပါ၊ ကိုးကွယ်စရာက ဘုရား၊တရား၊ သံဃာ က တကဲ့ ကိုးကွယ်ရာဆိုတာပါ။ ကဲစဉ်းစားရတာခေါင်းစားမခံပါနဲ့
ထေရ၀ါဒ (ဗုဒ္ဓ၀ါဒ) နဲ့မညီတဲ့မှတ်မိသလောက်၊မြန်မာပြည်မှာရေပန်းစားနေတဲ့ကိုးကွယ်မှုတွေအောက်မှာဖေါ်ပြလိုက်ပါတယ်။
(လုံးဝမကိုးကွယ်ပါနှင့်)
အသက်မရှိတော့သောထင်ရှားလူပုဂ္ဂိုလ်များ
အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း၊ အိမ်တွင်းနတ်၊ ကိုကြီးကျော်၊ မင်းကြီး၊ မင်းကလေး၊သူရသတီမယ်တော် (စသော ဟိန္ဒူနတ်များအားလုံး) (နတ်ပွဲများတွင်တွေ့ရသောနတ်များအားလုံး)၊ ပဲခူးမယ်တော်၊နံကရိုင်းမယ်တော်၊မနှဲလေး၊ ဖျာလိပ်နတ်၊ ဦးရှင်ကြီး၊ ရှမ်းမယ်တော်၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ယက္ကန်းစဉ်တောင်၊ အဖိုးသံ၊(အစရှိသော အသေထွက်အရှင်ထွက် ရဟန်းရှင်လူ၊ယောက်ျား၊မိန်းမ၊ သီလရှင်)၊ ကိုးမြို့ရှင်၊အမေဂျမ်း၊ ကွင်းပိုင်၊ ရွာတော်ရှင်၊မြင်းဖြူရှင်၊ ရုပ်ကဇိုး၊ ဘာစောင့်နတ်ညာစောင့်နတ်၊ ဆူးလေဘိုးဘိုး၊ ကျိုက်ထီးရိုးဘိုးဘိုး၊ရွှေတိဂုံဘိုးဘိုး၊ ရွေညောင်ပင်ဘိုးဘိုး၊ (အစရှိသော ဒေသစုံ၊ ဘုရားစုံ မှဘိုးဘိုးများ၊ ဘုရားမဟောခဲ့သော နတ်များအားလုံး)၊ ရှင်ဥပဂုတ္တ၊ မြနန်နွယ်၊ ကွမ်ယင်မယ်တော်၊ အန်းကုန်းဘိုးဘိုး၊ ဦးတီပွါး ( အစရှိသောတရုပ်နွယ်ကိုးကွယ်စရာများအားလုံး)၊ အထက်လမ်းပုဂ္ဂိုလ်များအားလုံး၊ အောက်လမ်းပုဂ္ဂိုလ်များအားလုံး၊ ယောဂီဝတ်သာသနာပြုအမည်ခံပြီး ဘုရားတည်နေသူများ၊ (သာသနာပြုဆိုတာလူတစ်ဦးတစ်ယောက်ကို ကိုယ့်ဘာသာကိုနားလည်အောင်ဟောပြောစည်းရုံးသူကိုခေါ်ပါတယ၊် ဘုရားတည်တာဟာ သာသနိက အဆောက်အဦး တည်ဆောက်ခြင်းပါ)၊
သက်ရှိထင်ရှားလူပုဂ္ဂိုလ်များ
ဗေဒင်၊ နတ်က္ခတ်၊တားရော့၊ ခေါင်းစွဲ၊ ရှေးဖြစ်နောက်ဖြစ်ဟော၊ အကြားအမြင်ဆရာ၊ အစရှိသော ဗေဒင်အဟောအပြောဆရာများ (ရဟန်းရှင်လူ၊ယောက်ျား၊မိန်းမ ၊သီလရှင်)၊ အထက်လမ်းဆရာ၊ အောက်လမ်းဆရာများ (စုန်း ကုစားသူများ)၊ ဓါတ်ဆရာ၊ နတ်ဆရာ၊ နတ်ကတော်များ (ရဟန်းရှင်လူ၊ယောက်ျား၊မိန်းမ ၊သီလရှင်)
ချဲ၊ထီဂဏန်းပေး (ရဟန်းရှင်လူ၊ယောက်ျား၊မိန်းမ၊ သီလရှင်)၊
အနှစ်ချုပ်ကိုးကွယ်စရာ
ဘုရား၊ တရား၊ သံဃာ သာဖြစ်ပါတယ်။
ဆက်လက်ဖေါ်ပြပါမည်
No comments:
Post a Comment